---
title: ယာဥ်မတော်တဆမှု မှသည် ဘတ် ၁၂ သန်းထီဆုကြီးဆီသို့
description: "ယာဥ်မတော်တဆမှုကြောင့် \n309 နံပါတ်ကိုမှတ်ထားပြီး ထိုင်းထီနံပါတ် 251309 မွေးထိုး ဝယ်ယူတာကနေ ဘတ် ၁၂ သန်း ထီဆုကြီး ပိုင်ဆိုင်ရခဲ့သူရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်း"
---

[blog](https://myintmoh.com/blog)

# [ယာဥ်မတော်တဆမှု မှသည် ဘတ် ၁၂ သန်းထီဆုကြီးဆီသို့](https://myintmoh.com/blog/accident-to-lottery-jackpot-story-thailand)

 Written by [mr.corner](https://myintmoh.com/blog/author/mr-corner) | May 19, 2025 9:48:54 AM

## ယာဥ်မတော်တဆမှုတစ်ခုကနေ ဘတ် ၁၂ သန်းထီပေါက်သွားတဲ့ ထိုင်းထီကံထူးရှင်အကြောင်း

ဘဝမှာ မျှော်လင့်ခြင်းနဲ့ ယုံကြည်မှုက အရေးကြီးတယ်လို့ ပြောကြပါတယ်။ တစ်ခါတစ်လေ မတော်တဆမှုတစ်ခုကတောင် လူတစ်ဦးရဲ့ကံကြမ္မာကို ပြောင်းလဲစေနိုင်ပါတယ်။   
ဒီနေ့မှာ ပြောပြချင်တာကတော့

ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးဖြစ်တဲ့ အွန်ဖက်ဒီးဂန်း (Onfaddeekan) ဆိုသူက ဘယ်လိုအကြောင်းအရင်းတစ်ခုကြောင့် ထိုင်းအစိုးရတရားဝင်ထီနံပါတ် 251309 နဲ့ ပထမဆုကြီး ဘတ် ၁၂ သန်း (မြန်မာငွေ ၈၀၀၀ သိန်းခန့်) ပေါက်ခဲ့တယ်ဆိုတာပဲဖြစ်ပါတယ်။

 

### မတော်တဆမှုကနေ ကံထူးခြင်း

အွန်ဖက်ဒီးဂန်းဟာ အသက် ၄၉ နှစ်အရွယ်ရှိပြီး၊ ရရောင်းမြို့၊ မူအောင်းသပ်မွန်ရပ်ကွက်မှာနေထိုင်သူတစ်ဦးဖြစ်ပါတယ်။ သူမရဲ့ ထီပေါက်ခြင်းနောက်ကွယ်မှာ မတော်တဆမှုတစ်ခုရှိနေပါတယ်။ လွန်ခဲ့တဲ့ တစ်လခန့်လောက် အကြာက သူမရဲ့ တူလေးအတွက် ဒူးရင်းသီး သွားပို့တဲ့အချိန်မှာ ကားဘီးတစ်ဘက် မတော်တဆ ပြုတ်ထွက်သွားခဲ့တာကနေ အပြာင်းအလဲ ဖြစ်စေမယ့် အရာက စတင်ခဲ့ပါတယ်

## ထူးခြားစရာကောင်း

အဲ့ဒီဘီးက သူမရဲ့ဆွေမျိုးတစ်ဦးရဲ့အိမ် ခေါင်မိုးပေါ်မှာ သွားတင်နေတာပါ။ စိတ်ကူးယဉ်ဖို့တောင် ခက်တဲ့အဖြစ်အပျက်ပါပဲ။ ထိုအိမ်နံပါတ်ကတော့ 309 ဖြစ်တာကြောင့် သူမက အဲ့ဒီနံပါတ်ကို စိတ်ထဲမှတ်သားထားပြီးနောက်ပိုင်း ထိုင်းထီနံပါတ်ရွေးချယ်တဲ့အခါ 309 ပါတဲ့နံပါတ် တွေကိုသာ ရွေးပြီး ဝယ်ခဲ့တယ်။ ထီမဝယ်တာကြာပြီဆိုပေမယ့် အဲ့ဒီနံပါတ်ကို မျှော်လင့်ပြီး ၃ ကြိမ်လောက်ထဲ ဝယ်ထားတာနဲ့အတူ ဤအကြိမ်မှာတော့ သူမရွေးချယ်ခဲ့တဲ့ 251309 ဆိုတဲ့နံပါတ်က ပထမဆု အဖြစ်ထွက်လာခဲ့ပြီး ဘတ် ၁၂ သန်း (ထီ ၂ စောင်) ပိုင်ဆိုင်သူဖြစ်သွားခဲ့ပါတယ်။

## ထီပေါက်တဲ့နံပါတ်များ 

၂၀၂၅ မေလ ၁၆ ရက်နေ့ထွက် ထိုင်းအစိုးရတရားဝင်ထီတွင် ထွက်ရှိခဲ့သောနံပါတ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

ပထမဆု – 251309

ရှေ့ ၃ လုံးဆု – 109, 231

နောက်ဆုံး ၃ လုံးဆု – 965, 631

နောက်ဆုံး ၂ လုံးဆု – 87

##### ထီပေါက်သူ...အွန်ဖက်ဒီးဂန်း ကတော့ ထိုင်းထီပထမဆုဖြစ်တဲ့ 251309 နဲ့  ၂ စောင်တွဲ ပိုင်ဆိုင်ထားတာကြောင့်၊ ဘတ် ၆ သန်း × ၂ = ဘတ် ၁၂ သန်း ရရှိခဲ့တာပါ။

## ကံကောင်းမှုနောက်ကွယ် ဇွဲမလျှော့တဲ့စိတ်ဓာက်

သူမက သတင်းထဲမှာ ပြောကြားထားတာအရ — ထီပေါက်တဲ့အခါမှာ ပထမဆုံးစိတ်ထဲမှာပြေးလာတဲ့အရာကတော့ မိသားစုအတွက် ပြုလုပ်ဖို့နဲ့ တင်ကျန်နေတဲ့အကြွေးများကို ပြန်ဆပ်ဖို့ဆိုတာပါ။

### ထီပေါက်ပြီး ဘယ်လိုများလုပ်ဖို့စဉ်းစားထားလဲ?

အွန်ဖက်ဒီးဂန်းက ထီပေါက်ပြီးနောက်မှာ အောက်ပါအတိုင်း စိတ်ကူးထားပါတယ် -

မိသားစုအတွက် မျှဝေမယ် – မိဘ၊ သားသမီး၊ မောင်နှမတွေနဲ့အတူ အနာဂတ်မှာ စိတ်အေးချမ်းသာဖို့ ရည်ရွယ်ပါတယ်။

တင်ကျန်နေတဲ့အကြွေးတွေကို ပြန်ဆပ်မယ် – ဘဝကို သန့်ရှင်းအောင်လုပ်ချင်တဲ့စိတ်နဲ့ တာဝန်ယူမှုရှိပါတယ်။

အနာဂတ်အတွက် ကုသိုလ်ကောင်းမှုများ ပြုလုပ်မယ် – ဘုန်းတော်ကြီးတွေဆွမ်း၊ ဘုရားကျောင်းများ၊ သက္ကရာဇ်တော်များအတွက် လှူဒါန်းမှုများလုပ်ဖို့ စိတ်ကူးထားပါတယ်။

# အံ့အားသင့်စရာ ကံကြမ္မာ

သူပြောပြတဲ့ အကြောင်းအရာတွေကြည့်လိုက်တာနဲ့ မတော်တဆမှုကနေတောင် ကံကြမ္မာပြောင်းလဲနိုင်တယ်ဆိုတာတွေ့ရပါတယ်။အရှိန်နည်းတာကြောင့် ကားဘီးပြုတ်တာကလည်း ထိခိုက်မှု့မရှိတဲ့မတော်တဆမှုဖြစ်တာပဲဖြစ်ပြီး၊ ထိုနောက် ကတည်းက သူမရဲ့ ဦးတည်ချက်ကတော့ “အဲ့ဒီအိမ်နံပါတ် 309 ကို မေ့မသွားဖို့” ဆိုတာပါ ။ 

###### ယုံကြည်မှုနဲ့မျှော်လင့်ခြင်းဟာ တစ်ခါတစ်လေ အံ့ဖွယ်ကောင်းတဲ့အဖြစ်အပျက်တွေအဖြစ် ပြန်လည် ရောက်ရှိလာတတ်ပါတယ်

## ထိုင်းထီကဘယ်သူတွေ ဝယ်ယူ ကံစမ်းနိူင်လဲ ?

ထိုင်းထီက ဘယ်နိူင်ငံသား ဘယ်နိူင်ငံသူ  မဆို...  
ကံစမ်းဖို့အခွင့်အလမ်းတစ်ခု  
ထိုင်းအစိုးရထီရဲ့ တရားဝင်ထုတ်ပေးတဲ့ ထီဖြစ်ပြီး ကြီးမားတဲ့ ထိုင်းထီဆုကြီးများကို အမြဲချီးမြှင့်ပေးနေတာတွေ့ရမှာပါ ။  မြန်မာနိုင်ငံတွင်လည်း ထိုင်းထီ ကိုလူအများတဲ့အတွက် ဝယ်ယူရန်အဆင်ပြေပါတယ်။

### မြင့်မိုရ်မှလည်း

ရန်ကုန် မန္တလေး နေပြည်တော် ပြင်ဦးလွင်    
အိမ်​အရောက် ငွေချေနဲ့ပို့ပေးပါတယ် ရရှိသေးတဲ့ ထိုင်ထီနံပါတ်များကို [messenger](https://m.me/myintmor.mm) , viber တွေမှ ထီလက်မှတ်များရွေးချယ်ဖို့ ပို့ပေးပါတယ်

### ထိုင်းထီဝယ်ခြင်းနှင့် ထူးခြားဆက်စပ်နေတဲ့ ကံတရား 

ထိုင်းထီတွင် ရိုးရိုး ဘတ် ၆ သန်း ထိုင်းထီ အပြင်  
ဆတိုး ၂ စောင်တွဲ ၅ စောင်တွဲ ၁၀ စောင်တွဲ အပြင် ၂၀ စောင်တွဲ စသည့် ပေါက်နိုင်ချေ ထီဆုကြေးများတဲ့ စနစ်ရှိတာကြောင့် ဘတ်သန်းပေါင်းများစွာကို တစ်ကြိမ် ထီပေါက်ယုံနဲ့ ရရှိနိူင်ပါတယ် တနည်းပြောရရင်  ဘဝကိုပြောင်းလဲနိုင်သောအခွင့်အရေးပေါ့  

### ယုံကြည်မှုအတူ ထီနံပါတ်၏ အရေးပါမှု

အွန်ဖက်ဒီးဂန်းအတွက် 309 ဆိုတာ သာမန်နံပါတ်မဟုတ်တော့ပါဘူး။ ဒါဟာ သူမရဲ့ ဘဝပြောင်းလဲမှုကို ယူဆောင်လာတဲ့ "ကံ"ကောင်းစေတဲ့ လပ်ကီးနံပါတ်ဖြစ်သွားပါတယ် ။ သူမရဲ့ ဘ၀ တစ်လျှောက်   
ဘယ်တော့မှ မမေ့နိူင်တော့မယ့် ဂဏန်း ၃ လုံး လို့လည်း ပြောနိူင်ပါတယ်

ထိုင်းထီမှာ နံပါတ်ရွေးချယ်တဲ့အခါ   
မျှော်လင့်ချက်နဲ့အတူ ယုံကြည်မှု တို့ကလည်း အဓိကကျပါတယ်။   
တချို့သူတွေက မွေးသက္ကရာဇ်နဲ့ပတ်သက်တဲ့နံပါတ်တွေ ရွေးဝယ်တယ်။  
တချို့ ကြတော့ ရှေးအိမ်နံပါတ်တွေ သို့မဟုတ် အထူးအကြောင်းအရင်းများနဲ့ ဆက်စပ်တဲ့နံပါတ်တွေကို မျှော်လင့်ပြီး ဝယ်ကြပါတယ်။

## လူကြီးမင်းလည်း ထီကံထူးရှင် ဖြစ်နိုင်ပါတယ်

ဒီ blog ကိုဖတ်နေတဲ့ လူကြီးမင်းလည်း ထီကံထူးရှင် ဖြစ်နိုင်ပါတယ်  
အွန်ဖက်ဒီးဂန်းလိုပဲ လူကြီးမင်းလည် မျှော်လင့်ခြင်းနဲ့အတူ ယုံကြည်မှုထားရှိပြီး၊ဘ၀ရဲ့ အမှတ်တရ ဂဏန်း  နံပါတ်တစ်ခုကိုမှတ်သားထားကာ ထိုင်းထီဝယ်ပြီး ကံစမ်းမယ်ဆို... တချိန်ချိန်မှာ ကံထူးမှု့တွေ ဖြစ်လာနိူင်ပါတယ်။

##### ဘဝမှာ တစ်ခါတစ်ရံ ရွေးချယ်မှု့ သေးသေးလေးတစ်ခုပဲ ကြီးမားတဲ့ ကံကြမ္မာပြောင်းလဲ ဖြစ်လာစေတာပါ လူကြီးမင်းလည်း ထီကံကိုစမ်းကြည့်လိုက်ပါ။

### ထီပေါက်သူ... အွန်ဖက်ဒီးဂန်းကလည်း ဒီလိုပြောပါတယ် —

“တစ်ခါတစ်လေ မတော်တဆမှုတစ်ခုဟာလည်း ကံတစ်ခုကိုဖန်တီးပေးနိုင်တယ်” ယနေ့ကနေစပြီး လူကြီးမင်းလည်း တစ်စုံတစ်ခုကို ယုံကြည်မှုနဲ့ မျှော်လင့်မှုဖြင့် စတင်ဖို့ကြိုးစား ကြည့်  
ထိုင်းထီ တစ်စောင်က လူကြီးမင်း ဘဝအတွက် ကြီးမားတဲ့ ပြောင်းလဲမှုတစ်ခုကိုယူဆောင်လာနိူင်တယ်ဆိုတာကိုတော့ မမေ့နဲ့နော်...

#### အမြဲမမေ့သင့်တဲ့ အရာ တစ်ခုကတော့ -

###### 🔔 ကံကောင်းမှုဟာ ခဏလောက်ပျောက်သွားနိုင်ပေမယ့် တစ်နေ့တစ်ချိန်မှာ ပြန်လည်ပေါ်လာလျှင် ဘဝပြောင်းလဲစေနိုင်ပါတယ် ဆိုတာပါပဲ  

 

[View full post](https://myintmoh.com/blog/accident-to-lottery-jackpot-story-thailand)

```json
{
  "@context" : "http://schema.org",
  "@type" : "BlogPosting",
  "author" : {
    "@type" : "Person",
    "name" : "mr.corner"
  },
  "dateModified" : "2025-05-19T10:05:39.889Z",
  "datePublished" : "2025-05-19T09:48:54Z",
  "headline" : "ယာဥ်မတော်တဆမှု မှသည် ဘတ် ၁၂ သန်းထီဆုကြီးဆီသို့",
  "image" : {
    "@type" : "ImageObject",
    "height" : 3375,
    "url" : "https://242461565.fs1.hubspotusercontent-na2.net/hubfs/242461565/myintmoh/Myint%20Moh%20Website%20blog%20%2817%29.webp",
    "width" : 3375
  },
  "mainEntityOfPage" : "https://myintmoh.com/blog/accident-to-lottery-jackpot-story-thailand",
  "publisher" : {
    "@type" : "Organization",
    "logo" : {
      "@type" : "ImageObject",
      "height" : 60.0,
      "url" : "https://242461565.fs1.hubspotusercontent-na2.net/hubfs/242461565/Untitled%20design%20(26)-2.png",
      "width" : 60.0
    },
    "name" : "blog"
  }
}
```